Pages

Monday, March 24, 2014

နင်သိပါစေ

ငါ ၀န်ခံပါတယ်
ငါ ဘာမှမသိဘူး
ကြီးမြတ်ခြင်းတွေ
ဂုဏ်တွေ
ငွေတွေ
အဆင့်အတန်းတွေ
တန်ဖိုးတွေ
ဒူးနေရာဒူး တော်နေရာတော်ဆိုတာတွေ
အဲဒါတွေ ငါ တစ်ခုမှ မသိဘူး။
ကျေးတောသားမို့
စိတ်ကို စိတ်ချင်းဆက်သွယ်လို့
လူကို လူလို့ပဲမြင်တတ်တာဟာ
အပြစ်တစ်ခုဆိုရင်
ပြစ်ဒဏ်အတွက်
အသက်ပဲပေးရပေးရ
ရှင်လျှက်ဝေးရမှာလောက်မကြောက်ဘူး။ 

ငါ ၀န်ခံပါတယ်
ငါ တစ်ခုတော့သိတယ်
ပျော်ရွှင်ခြင်းတွေ
မပျော်ရွှင်ခြင်းတွေ
သတိရခြင်းတွေ
လွမ်းဆွတ်ခြင်းတွေ
အဆင်ပြေခြင်းတွေ
အဆင်မပြေခြင်းတွေ
အဲဒီအရာတွေ တစ်ခုခုက
ငါ့ကို နှုတ်ဆက်လာရင်
ငါ့ရဲ့ တစ်ခုတည်းသော တိုင်တည်ရာက
နင်ပဲဆိုတာကိုပေါ့။

ခုတောင် သတိရခြင်းတွေ
လွမ်းဆွတ်ခြင်းတွေ 
တံခါးလာလာခေါက်လို့ 
ငါ တစ်ယောက်တည်း
တချောက်ချောက်နဲ့
နင့်ကိုတိုင်တည်
ဒီစာတွေ ရေးနေမိခြဲ့ပီလေ
နင်သိပါစေ
 

ကိုနိုင်

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်