နေမင်းကြီးကို အားကျမိတယ်။
သူက ရဲရဲတောက် အရှေ့အရပ်မှ တက်ကြွနိုးထလာပြီး
မတွန့်မဆုတ်ဘဲ အနောက်အရပ်မှာ မှေးစက်လို့။
တစ်ခါ တစ်ခါ
လမင်းကြီးကို အားကျမိတယ်
သူက
ဘယ်သူမှ ဂရုမစိုက် အိပ်မောကျနေသည့်တိုင်
အလင်းဓာတ်နဲ့ အေးမြခြင်းတွေကိုပေးဆပ်နေလို့။
တစ်ခါ တစ်ခါ
မိုးရေစက်တွေကို အားကျမိတယ်
သူတို့တွေက
ဟိုးအမြင့်ကနေ အနိမ့်ဆုံးမြေကြီးဆီကို
မတွန့်မဆုတ်ပဲ ပြေးဝင် ခုန်ချနိုင်လို့။
တစ်ခါ တစ်ခါ
နှင်းစက်တွေကို အားကျမိတယ်
သူတို့တွေက
နေထွက်လာရင် ပျောက်ကွယ်ရမယ်သိရက်နဲ့
နောက်ဆုံးအချိန်ထိ အပြုံးမပျက်လို့။
တစ်ခါ တစ်ခါ
ပန်းခြောက်လေးတွေကိုအားကျမိတယ်
အစွမ်းကုန်ဖူးပွင့်ခဲ့ပြီး
ကျွေကျ မြေခသည့်တိုင်
သူတို့ရဲ့ ရနံ့တွေကို ရုတ်သိမ်းမသွားလို့။
တစ်ခါ တစ်ခါ
ငှက်ကလေးတွေကို အားကျမိတယ်။
သူတို့တွေက ဖြစ်လာတဲ့ ရင်ထဲက ခံစားချက်ကို
မကွယ်မ၀ှက် ရဲရဲတောက်ထုတ်ဖော်သီကျူးနိုင်လိ
တစ်ခါ တစ်ခါ
သူမကို အားကျမိတယ်
ဘာမှမဖြစ်သလို နေတတ်လွန်းလို့။
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်