Pages

Monday, March 24, 2014

နှလုံးသား အင်တင်ဗျူး

မြန်မာသံသီချင်းတွေကို ငါ မြတ်နိုးတယ်။
ခေတ်ပေါ်သီချင်းတွေကို ငါ ခုံမင်တယ်။
မြန်မာကဗျာတွေကို ငါ လေးစားတယ်။
ခေတ်ဆန်းကဗျာတွေကို ငါ ချစ်တယ်။

ငါဟာ မြန်မာဖြစ်လို့
မြန်မာသံကို မြတ်နိုးတာဆိုပေမယ့်
မြန်မာသံတွေက 
ငါ့ကို မြန်မာဖြစ်စေခဲ့လို့
မြန်မာသံကိုငါမြတ်နိုးတယ်။

ခေတ်ပေါ်သီချင်းတွေက
ခေတ်ရဲ့စည်းချက်တွေနဲ့
မျောလွင့်စေလို့ 
လွင့်မျောနေတဲ့ စိတ်တွေ အပန်းပြေခဲ့လို့
ခေတ်ပေါ်သီချင်းတွေကို ငါ ခုံမင်တယ်။

မြန်မာကဗျာတွေက
တည်ကြည်ခြင်းနဲ့
ရင့်ကျက်ခြင်း
မြင့်မြတ်ခြင်းတွေကို
ဆောင်နှင်းပေးတတ်လို့
မြန်မာကဗျာတွေကို ငါလေးစားတယ်။

ခေတ်ဆန်းကဗျာတွေက
ငါ့ဘ၀ထဲမှာ
စနစ်တကျ ခိုဝင်မြှေးယှက်
သွေးစက်တိုင်းမှာ
ကဗျာ ကဗျာနဲ့
ပွတ်သီးပွတ်သပ်နေလွန်းလို့
ခေတ်ဆန်းကဗျာတွေကို ငါချစ်မိသွားတယ်။
ချစ်နေအုံးမယ်...
အသွေး အသက်တို့ရှိနေသမျှထိပေါ့။

ကိုနိုင်
13.3.14 8:40 AM

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်