Pages

Monday, March 24, 2014

အပိုင်းအစ အကျိုးအပဲများ သီတန်းခြင်း

လောကကြီး မတရားဘူး
ငါ့အတွက်ဆို မျက်နှာသာမပေးဘူး။
စိတ်ကူးတွေကို ရိုက်ချိုးပြီး
အိပ်မက်တွေကို သိမ်းဆည်းသွားတာ
ဘယ်လောက်ကြာနေခဲ့ပြီလဲ။

ခံစားချက် အကျိုးအပဲ့တွေကို
တစ်ခုချင်း ကောက်သီရင်း
ကဗျာလို့ ကင်ပွန်းတပ်နေရတာလဲ
ငါ့မှာ အမော။

ငါက အခေါင်ထိတွေးပြီး
အတွေးခေါင်တယ်လို့ မင်းပြောချင်နေမလား
တကယ်တော့
ငါ မတွေးရဲဘူး
မမျှော်လင့်ရဲ့ဘူး
နောက်ပြီးတော့ ရင်မဆိုင်ရဲပါဘူး။

ပင်ပန်းနွမ်းနယ်နေတာတွေကို
ရေတစ်ခွက်တိုက်ဖို့ မမျှော်လင့်ပါဘူး
ရေတစ်စက် တစ်ပေါက်နဲ့
အာခေါင်ခြောက်ဖြေရင်း
တစ်ရက်ကလေးလောက် အသက်ဆက်ချင်ခဲ့တာပါ။

ပန်းတိုင်မဲ့
မျှော်လင့်ချက်မဲ့
လှော်ခတ်နေရပေမယ့်
ဒီ တက်နဲ့ ဒီလှေခွက်ကို
ငါ မစွန့်ပစ်နိုင်ပြန်ဘူး။
မနက်ဖြန်တွေက ပိုလှနေတတ်လို့လေ။

ကမ်းကပ်ခွင့်မရှိတော့ရင်တောင်
ကျောက်ချရပ်နားခွင့်လေးတော့
ပေးသင့်သေးတာပေါ့။
ခုတော့ ဘာလာ ဟင့်အင်းဆိုတဲ့
တားမြစ်ပိတ်ပင်မှုတွေနဲ့
အဖြေမရှိတဲ့ ပုစ္ဆာတွေပဲ ဖောင်းပွခဲ့ရတယ်။

ငါ အမြတ်နိုးဆုံး
ငါ အပြောချင်ဆုံး
ငါ အလိုချင်းဆုံး အရာတွေကို
တောင်းတမိတိုင်း ကြိုးစားမိတိုင်း
ငါ့ အတွက် သေဒဏ်ကျလောက်တဲ့ 
အပြစ်ကြီးတွေဖြစ်ဖြစ်သွားတာကိုပ
ဝမ်းနည်းနေမိတော့တယ်။

ကိုနိုင်

16.3.14 11:37 AM

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်