Pages

Monday, March 24, 2014

သခင်သာကြည်စေ

လွမ်းလျက်သာ
ရင်မှာမျိုသိပ်
တိတ်တိတ်ကြိတ်ဆွေး
သူမေးရင်တော့
သတိရတယ်ပေါ့ကွယ်။

သူနဲ့အတွေ့
စေ့စေ့လေးကြည့်
ထိမိရင်တွင်း
ပူလောင်ပြင်းတယ်
ချစ်ခြင်းတွေသာဖြစ်တော့ကွယ်။

ပူပြင်းနှလုံးသား
သခင့်ပါးမှာ
မိုးသားစိုဖြန်း
ပန်းနှယ်လန်းစွင့်
ရနံ့လွှင့်မည်
သခင်သာ ကြည်စေတော့ကွယ်။

ကိုနိုင်

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်