Pages

Monday, March 24, 2014

အနှိုင်းမဲ့ မေတ္တာရှင်

အမေ...ဆိုတဲ့
ဒီနာမ ဒီအသံ
ဘ၀ဂ် မညံပေမယ့်
တကယ်အားရှိလှတယ် အမေ။

သား ဖြတ်သန်းလာခဲ့တဲ့ 
ဒီနှစ်တွေအတွင်း
အမေ့ရဲ့ အကြင်နာမျိုး
အမေ့ရဲ့ ခွင့်လွှတ်တတ်မှုမျိုး
အမေ့ရဲ့ ဂရုစိုက်တတ်မှုမျိုး
အမေ့ရဲ့ နွေးထွေးမှုမျိုး
သား ဘယ်သူ့ဆီကမှ မရခဲ့ပါဘူးအမေ။

သားအတွက် 
အမေဘာတွေမှ
လုပ်ပေးစရာ 
ထုတ်ပေးစရာ မရှိပေမယ့်
အမေရှိနေရင် 
သားအတွက် အရာအားလုံးပြည့်စုံနေတယ်အမေ။

အမေ
အမေ
အမေ
တစ်ခွန်းခေါ်တိုင်း
တစ်ခါ ခွန်အားတိုးတယ်
ကျေးဇူးပါအမေ။

ပြာသိုလပြည့် အနေ့ အမှတ်တရ

ကိုနိုင်
15.1.2014

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်