ရှူ မိရင်မူးတယ်
ဆုပ်မိရင် စူးတယ်
စားမိရင်ရူးတယ်
ကိုးကွယ်မိရင်တော့
အလူးအလဲခံရတော့တာပဲ
ဒါပေမယ့် ဘယ်သူမှ အပြစ်မတင်ကြဘူး။
သိလိုက်ပါပြီ
နာကျင်ခြင်းတွေကို
ကြင်နာခြင်းတွေအဖြစ်
သူက ထုဆစ်တယ်
ကိုယ်ဘယ်လောက်နာကျင်ကျင်
သူ့ကိုတော့ ကြင်နာမိသေးတယ်။
ကိုနိုင် 6.3.2014 2:04 pm
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်