မရွာတာကြာပီဖြစ်တဲ့ မိုးတွေ
အပြင်မှာ တစိမ့်စိမ့်ကျပြီးရွာနေတယ်
မိုးကိုမချစ်ပေမယ့်
တဖြောက်ဖြောက်ကျနေတဲ့
မိုးပေါက်တွေကြည့်ပြီး အားကျမိတယ်
သူတို့တွေက အတားအဆီးမဲ့
လွတ်လပ်တယ်လေ...
တစ်ချိန်တည်းမှာပဲ
ဟိုးအတိတ်ကိုတွေးပြီး
လွမ်းချင်စရာကောင်းပေမယ့်
လွမ်းလောက်စရာလဲမဟုတ်ခဲ့ဘူး
နှင်းတွေဝေချိန်ကရော
သစ်ရွက်တွေကျွေချိန်ကရော
ဒီဝေဒနာမျိုးခံစားဖူးတယ်
အခုတော့
မိုးတွေပဲစွေစွေ
နှင်းတွေပဲဝေဝေ
သစ်ရွက်တွေပဲကျွေကျွေပါ
ဖြေသာစရာရှာကြံတွေးပြီး
နေသာသလို နေတတ်ခဲ့ပါပြီ
ရွာနေအုံးပေါ့ မိုးတွေရယ်...
သည်းထားအုံးပေါ့ ...
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်