သွေးချင်းတွေ
ဒါတို့ပြေ ဒါတို့မြေ
သံပြိုင်ဟစ်နေချိန်မှာ
ဒါ ငါတို့ပြေလို့ ဆိုလာသူတွေက
သီချင်းကိုကြိုက်လို့
လိုက်ဆိုတာ ဟုတ်ပါ့မလား
ကျွန်တော်တို့ထင်နေတဲ့
အမှန်တရားဆိုတာတွေက
အမှားတရံဖြစ်ခဲ့ရင်
သူတို့လိုက်ဆိုခဲ့တဲ့
သီချင်းတစ်ပိုဒ်က မှန်နေလိမ့်မယ်။
ကြင်နာခြင်းတွေက
ဟန်ဆောင်ခြင်းတွေနဲ့
အချိုသပ်တဲ့အခါ
နာကျင်ခြင်းတွေရဲ့
ခါးသက်မှုနဲ့
ဘာမှမခြားတော့ဘူး။
ရှုပ်ထွေးတဲ့ စကားလုံးတွေ
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့
ခြယ်သထားတဲ့ ရိုးသားခြင်းတွေက
အချပ်လိုက် အဖက်လိုက်ကွာကျတဲ့အခါ
ငှက်ပျောတုံးလိုမျိုး
တစ်ဖက်ချင်း တစ်ဖက်ချင်း။
ဘာမှမရှိတော့မှတော့
ဘာမှမရှိချင်ပါနဲ့တော့
အရှိကို အရှိတိုင်လက်ခံဖို့
လသာညကိုမျှော်မနေချင်ဘူး
ဒီညပဲ စကားစမြည်ပြောကြမယ်
ခင်ဗျားတို့လဲ ဖယောင်းတိုင်ထွန်းခဲ့ပေါ့
လက်ဆွဲနှုတ်ဆက်ခြင်းနဲ့ နေခြည်နုနုကိုမြည်းစားမယ်။
ကိုနိုင်
30.3.2014 10.53AM
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်