ကော်ဖီသောက်ရင်
အိပ်ရေးပျက်မယ်ဆိုတာ ငါသိပါတယ်။
အိပ်ရေးထက် ကော်ဖီရဲ့
ဖန်ခါးခါးအရသာနဲ့
တညိမ့်ညိမ့်လှိုက်ခုန်တဲ့
ရင်ခုန်မှုမျိုးကို ငါ မြတ်နိုးလို့ပါ။
ငါ့အတွက် မင်း ..
ဆေးခါးတစ်ခွက် စပ်နေတယ်ဆိုတာငါသိပါတယ်။
ဒါပေမယ့် ဝေဒနာရဲ့ တစ်ကျစ်ကျစ် နာကျင်တဲ့
အရသာနဲ့ ငါ နေသားကျနေပါပြီ။
ကျေးဇူးပြုပြီး
မနက်ဖြန်တိုင်း
မင်း ပျော်နေပေးပါ။
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်