သတိရတယ်မိန်းကလေး
လေဝှေ့လိုက်တိုင်း
ဘယ်ညာယိမ်းနေတဲ့
မင်းရဲ့ဆံနွယ်တွေက
အပြင်ဘက်မှာ
တကယ်လှ မလှမသိပေမယ့်
ညက အိပ်မက်ထဲမှာတော့
ငါ ... နမ်းရှိုက်မိခဲ့တယ်။
ဝမ်းနည်းမိတယ်မိန်ကလေး
လိမ်းခြယ်ခြင်းမရှိတဲ့
မင်းရဲ့ ပါးပြင်မို့မို့မှာ
(ကိုယ့်ရဲ့အပြုအမူတွေကြောင့်)
ရှက်သွေးရောင်အစား
ဒေါသခါးတွေ ဝေခဲ့တယ်။
ထိတ်လန့်မိတယ်မိန်းကလေး
မင်းရဲ့ခပ်စိမ်းစိမ်းအကြည့်နဲ့
မျက်ဝန်းစိမ်းတစ်စုံရဲ့
အစိမ်းရောင်အလင်းနှစ်အောက်မှာ
ငါ ဆိုတဲ့ အကောင်
ပြာဖြစ်ခဲ့ရတယ်။
တောင်းပန်ပါတယ်မိန်းကလေး
သခင်ကြည်စေတော့ရယ်လို့
အပလီတော်လွန်ခဲ့မိတာပါ
ငါလေ..
အဲဒီအိပ်မက်အတွက်
နောင်တရလို့မဆုံးဘူး။
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်