ငါ ဘယ်လိုဖြေလို့ရမှာလဲ
ငါဘယ်လိုနားလည်လို့ရမှာလဲ
ဘယ်သူ့ကိုမှတော့ အပြစ်မတင်ချင်ပါဘူး
ဖြစ်တည်လာတဲ့ အခြေနေနဲ့ အချိန်အခါရ
ငါက ဒီလိုပဲ ဖြစ်နေသင့်တာပါ။
ပြန်မကြားရနိုင်တော့ဘူးလို့ ထင်ရတဲ့
ပဲ့တင်သံတွေတောင်
(တိတ်ဆိတ်နေချိန်မှာဆိုရင်)
သဲ့သဲ့ပြန်ကြားရတတ်တယ်တဲ့။
အဲဒါကြောင့် ငါ ယဲ့ယဲ့လေး ပြုံးနိုင်ပါသေးတယ်။
အဆုံးတိုင်မျှော်ကြည့်ထားပေမယ့်
မရုန်းနိုင်မှာတော့ သေချာတယ်။
မင်း မုန်းချင်လဲ မုန်းပေါ့ကွယ်။
ကမ္ဘာကြီးလည်နေတာကို
ရပ်တန့်ဖို့ ငါ မတောင်းဆိုပါဘူး။
ဒါပေမယ့်
ဆောင်းရောက်လို့မှ
နံနက်ခင်း နေခြည်တောက်တောက်အောက်
အနွေးဓာတ်မရောက်တာကိုတော့
ငါ....။
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်