ကဗျာကတွေကပဲ ငါ့ဘဝထဲကို ခုန်ဆင်းလာသလား၊ ငါကပဲ ကဗျာထဲကိုခုန်ဆင်းသွားသလား။ သေချာတာကတော့ ငါ့အတွေးတွေ ကဗျာဖြစ်သလို ကဗျာတွေက ငါ့ခံစားချက်ဖြစ်တယ်။
Monday, March 24, 2014
မဝေခင်မှာ မကြွေစေချင်ဘူးကွယ်....
ပန်းနဲ့တူတဲ့ညီမလေးရေ
ပျားပိတုန်းဆိုတာက
ဝေနေတဲ့ပန်းကို နမ်းချင်တာ
သဘာဝပဲလေ
ပန်းဆိုတာကလဲ
ဝေပြီးရင်
ကြွေစမြဲဆိုတာ
သဘာဝတစ်ခုပဲ။
ဘယ်ပန်း ဘယ်လောက်လှလှ
ဝတ်ရည်ရဖို့သာ အဓိက လို့
သဘောထားတတ်ကြတာလဲ
အဲဒီ ပျားပိတုန်းတွေပဲပေါ့
တကယ်လို့ ပန်းကလေးတွေသာ
ကြွေခဲ့မယ်ဆိုရင်
ဝေနေတဲ့ ပန်းတွေဆီ
ပြောင်းသွားဖို့ ဝန်မလေးတတ်တာလဲ
အဲဒီ ပျားပိတုန်းတွေပါပဲ
နောက်ဆုံးတော့
တကယ်ကြေကွဲ
ငိုပွဲဆင်ရတာ
ပန်းကလေးတွေပဲဖြစ်နေတတ်တယ်။
ဒါကြောင့်
ညီမလေးကိုပြောချင်တယ်
အဝေရဲရင်
အကြွေ စောတတ်တယ်
မဝေခင်မှာလဲ
မကြွေစေချင်ဘူးကွယ်
ကိုနိုင်
Labels:
အချစ်ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်