မိဘပြည်သူများဆိုပြီး
နားဝင်ချိုအောင်
ရေရောထားတဲ့ နို့ရည်တွေ
လောင်းမထည့်ပါနဲ့တော့
မချိုချင်နေပါစေ
ခါးသီးတာတွေ မရှိတော့ရင်တော်ပါပြီ။
တရားဥပဒေစိုးမိုးဖို့အရေးကြီးတယ်ဆိုပြီး
ဥဒေတွေပြင်မနေပါနဲ့တော့
ဥမကွဲသိုက်မပျက်
တိုင်းရင်းသားအချင်းချင်း
စည်းလုံးခွင့်ရရင်တော်ပါပြီ ။
နိုင်ငံတကာမှာ ဒီလိုရှိတယ်
ချပြမနေပါနဲ့တော့
နိုင်ငံတကာနဲ့
ပုခုံးချင်းမယှဉ်နိုင်ချင်ေ န
မျက်နှာချင်းဆိုင် ခေါင်းငုံ့မနေရရင်တော်ပါပြီ ။
ကိုယ့်နိုင်ငံကို
သူများတွေမလေးစားရင်နေပါစေ
ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး
ကိုယ့်ယဉ်ကျေးမှုကို
ကိုယ်ကိုယ်တိုင်မြတ်နိုးပြီး
ကိုယ့်ခေါင်းဆောင်တွေကို
ကိုယ်ကိုယ်တိုင်ယုံကြည်းခွင့်ရရင်တော်ပါပြီ။
သွေးချင်းတွေ
စိုးထိတ်နေရတဲ့ မနက်တွေ
အရုဏ်ကျင်း လင်းခွင့်ပေးပါ။
ကျေးငှက်တွေ တွန်ကျုးခွင့်ပေးပါ။
ကြက်ဖပဲတွန်တွန်
ကြက်မပဲတွန်တွန်
မိုးစင်စင်လင်းချင်ပြီ။
မနက်စာ ညနေစာထက်
အိပ်ယာတွေ မပျောက်အောင်
ခေါင်းခြောက်နေရတဲ့
အိမ်ဦးနတ်တွေကို
ရေချိုးခွင့်ပေးကြပါ။
အလုပ်အကိုင်အခွင့်လမ်းတွေ
ဖန်တီးမပေးနိုင်ရင်နေပါ
လုပ်ကိုင်နေတဲ့
အခွင့်အလမ်းတွေကို
ဖန်တီးခွင့်ပေးကြပါ။
ဘာလုပ်ဖို့လဲ
အာဏာတွေ
ဘာလုပ်မှာလဲ
နေရာတွေ
ကျုပ်တို့အပ်နှင်းချင်တာက
ကျုပ်တို့ရဲ့
အသက်တွေ
ယုံကြည်မှုတွေ
ကိုးစားမှုတွေ
အဲဒါတွေကို
ကိုယ်ကျိုးအတွက် မျိုရတာ
ချိုတယ်ဆိုရင်လည်း
မြိန်ရေ ယှက်ရေ
စားသုံးတော်မူကြပါ။
ကိုနိုင်
26.3.2014 11:24 AM
နားဝင်ချိုအောင်
ရေရောထားတဲ့ နို့ရည်တွေ
လောင်းမထည့်ပါနဲ့တော့
မချိုချင်နေပါစေ
ခါးသီးတာတွေ မရှိတော့ရင်တော်ပါပြီ။
တရားဥပဒေစိုးမိုးဖို့အရေးကြ
ဥဒေတွေပြင်မနေပါနဲ့တော့
ဥမကွဲသိုက်မပျက်
တိုင်းရင်းသားအချင်းချင်း
စည်းလုံးခွင့်ရရင်တော်ပါပြီ
နိုင်ငံတကာမှာ ဒီလိုရှိတယ်
ချပြမနေပါနဲ့တော့
နိုင်ငံတကာနဲ့
ပုခုံးချင်းမယှဉ်နိုင်ချင်ေ
မျက်နှာချင်းဆိုင် ခေါင်းငုံ့မနေရရင်တော်ပါပြီ
ကိုယ့်နိုင်ငံကို
သူများတွေမလေးစားရင်နေပါစေ
ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး
ကိုယ့်ယဉ်ကျေးမှုကို
ကိုယ်ကိုယ်တိုင်မြတ်နိုးပြီ
ကိုယ့်ခေါင်းဆောင်တွေကို
ကိုယ်ကိုယ်တိုင်ယုံကြည်းခွင
သွေးချင်းတွေ
စိုးထိတ်နေရတဲ့ မနက်တွေ
အရုဏ်ကျင်း လင်းခွင့်ပေးပါ။
ကျေးငှက်တွေ တွန်ကျုးခွင့်ပေးပါ။
ကြက်ဖပဲတွန်တွန်
ကြက်မပဲတွန်တွန်
မိုးစင်စင်လင်းချင်ပြီ။
မနက်စာ ညနေစာထက်
အိပ်ယာတွေ မပျောက်အောင်
ခေါင်းခြောက်နေရတဲ့
အိမ်ဦးနတ်တွေကို
ရေချိုးခွင့်ပေးကြပါ။
အလုပ်အကိုင်အခွင့်လမ်းတွေ
ဖန်တီးမပေးနိုင်ရင်နေပါ
လုပ်ကိုင်နေတဲ့
အခွင့်အလမ်းတွေကို
ဖန်တီးခွင့်ပေးကြပါ။
ဘာလုပ်ဖို့လဲ
အာဏာတွေ
ဘာလုပ်မှာလဲ
နေရာတွေ
ကျုပ်တို့အပ်နှင်းချင်တာက
ကျုပ်တို့ရဲ့
အသက်တွေ
ယုံကြည်မှုတွေ
ကိုးစားမှုတွေ
အဲဒါတွေကို
ကိုယ်ကျိုးအတွက် မျိုရတာ
ချိုတယ်ဆိုရင်လည်း
မြိန်ရေ ယှက်ရေ
စားသုံးတော်မူကြပါ။
ကိုနိုင်
26.3.2014 11:24 AM
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်