ချစ်သည့်စိတ်ကြောင့်
လွမ်းရိပ်ဝေဒနာ
ရင်မှာခိုနား
ငှက်ငယ်လားသို့
ယဉ်ပါး၍သာနေတော့တယ်။
လွမ်းသည့်စိတ်ကြောင့်
တဆိတ်မပျော်
ကိုယ်မျှော်လည်းဝေး
သည်အတွေးကြောင့်
ဆွေးမြေ့၍သာနေတော့တယ်။
လွမ်းဆွတ်ဆွေးမြေ့
ကိုယ်မမေ့လည်း
သူမေ့မည်သာ
ငါ၌သာလျှင်
မမြင်ကန်း၍နေတော့တယ်။
သြော်..
ချစ်သူစေရာ
ဒီဒဏ်ရာက
အနာအတွေ့
တငွေ့ငွေ့သာ
ရင်မှာ လှိုက်၍ စားတကား ။ ။
ကိုနိုင်
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်