ကဗျာတွေကပဲ
ငါ့ဘ၀ထဲကို ခုန်ဆင်းလာသလား
ငါကပဲ ကဗျာထဲကို ခုန်ဆင်းသွားသလား
သေချာတာတစ်ခုကတော့
ငါ့အတွေးတွေ ကဗျာဖြစ်သလို့
ကဗျာတွေက ငါ့ခံစားချက်ဖြစ်တယ်။
ကဗျာနဲ့ ငါ
ဆွေမျိုးစပ်ရင်
ညီအကိုအရင်းကြီး
မောင်နှမအရင်းကြီး
သူငယ်ချင်းအရင်းကြီး
ြ့ပီးတော့...
ကဗျာနဲ့ စပ်ဆိုင်လာရင်
အားလုံးဟာ
ငါနဲ့ ဆွေမျိုးအရင်းကြီးတွေပဲဖြစ်တယ်။
ကဗျာသည်
ကဗျာဖြစ်လို့
ဖြူစင်တယ်
သန့်ရှင်းတယ်
အသက်မကြီးသလို
အသက်လဲ မငယ်ဘူး
အရှုံးမရှိသလို
အမြတ်လဲမတွက်ဘူး။
သေချာပါတယ်
အနိမ့်အမြင့်
အတိုအရှည်
အဖြူအမည်း
လှလှ မလှလှ
ကဗျာဖြစ်သွားရင်
အားလုံးဟာ တစ်သားတည်း။
ဆုံမှတ်တစ်ခုတည်း။
စီးမျောရာတစ်ခုတည်း။
နောက်ဆုံးတော့...
နာမည်တစ်ခုတည်းပါ။
ကဗျာတဲ့။ ။
ကိုနိုင်
7.3.2014 - 11:18 PM
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်