အမေ့အတွက်ကဗျာတွေရေးပြီး
ငါ့အတွက်တော့
မင်း..
စာလေးတစ်ကြောင်းတောင်
မဖွဲ့သီပါလားလို့
ငြင်ငြိုနေလေမလား။
ဘယ်မေ့မလဲအဖေရယ်...
အဖေ့သားက
အဖေေ့ခြရာနင်းပြီး
အဖေ့ရင်တွင်းစကားတွေနဲ့
ဘ၀သီချင်းတွေကို
ခြေဆင်းဆိုဆိုနေရတာလေ။
သားဘ၀ရဲ့ အားအကျရဆုံး
အားအထားရဆုံး
သူရဲကောင်းကြီးက ဖေဖေလေ။
အောင်မြင်မှုတစ်ခုရတိုင်း
ဒါမှ ငါ့သားကွလို့
အသံသြသြကြီးက
သားဘ၀ရဲ့ ဘာနဲ့မှလဲလို့မရတဲ့
အလိုချင်လုံးဆုံး ကြွားဝါမှုလေ။
အဖေ့တုန်းက ဘယ်သို့ ဘယ်နှယ်
လောကအလယ် အားမငယ်ဖို့
ငါ့သား ကြုံရတယ်ဆိုတာဘာဟုတ်လိမ့်ဆိုတဲ့
အားမာန်အပြည့်နဲ့ အဖေ့အပြုံးတွေက
သားဘ၀ရဲ့ အကြီးမားဆုံး
ခွန်အားတွေလေ။
သားလေ ခုထိ
အခက်အခဲတစ်ခုခုကိုကျေ်ဖြတ်နိုင်
အဖေ့ဆီကို ပြေးလာပြီး ကြွားဝါချင်နေတုန်း
အဖေ့ရဲ့ အသံသြသြကြီးနဲ့
အောင်ပွဲခံချင်နေတုန်း..
အဖေမရှိတော့ပေမယ့်
အဖေရှိနေတုန်း
တကယ်တော့
သားအတွက်အဖေဟာ
အမြဲတမ်းရှင်သန်နေဆဲပါ အဖေ။
အဖေနေ့ အမှတ်တရ
ကိုနိုင်
15.3.2014 9:43AM
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်