Pages

Monday, March 24, 2014

ဦးကြီးတို့ရယ်...

တောင်သူ လယ်သမားနေ့တဲ့
ဘာရေးရမှန်းမသိဘူး
မသိလို့မဟုတ်ပါဘူး
-ဖေ့သားကြီးလုပ်ထား
-ဟကောင်လေးရ
နှင်တံတပြပြနဲ့ 
မရိုက်ရက် မနှက်ရက်
သူတစ်ဝက် ကိုယ်တစ်ဝက်
ကောက်နယ်တလင်းက အဘိဓာန်ကိုလေ။

မသိလို့ မဟုတ်ပါဘူး
ထန်းတစ်ဖျားမက နေမြင့်တဲ့အထိ
လည်ပင်းဖက်ရုန်း
သူတို့ကျောက်ကုန်းတွေနေလောင်
သူတို့လေးတွေရဲ့ ပုခုံးတွေ 
ဂျက်တောက်လိုက်နေတဲ့ အမာရွတ်တွေကိုလေ။

ကျေးဇူးတင်ပါတယ် ဦးကြီးတို့ရယ်
နေဘယ်လောက်ပူတယ်
ရေဘယ်လောက်လိုတယ်
မြေဘယ်လို ထွန်ယက်ရတယ်ဆိုတာတွေ
ဘာတစ်ခုမှမသိဘဲနဲ့
စားခဲ့ရတဲ့ ကောက်နှံစပါး
အသီးအရွက်များအတွက်ပေါ့။

ကျေးဇူးတင်တယ်ဆိုတာထက်
ဘာရေးရမှန်း
ဘယ်လိုရေးရမှန်းမသိတော့ပါဘူး
ဦးကြီးတို့ရယ်....။

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ဦးညွှတ်လျက်...

ကိုနိုင် 2.3.2014. 1:53 PM

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်