Pages

Monday, March 31, 2014

တိုးတိုးလျလျရေရွတ်မိတဲ့ မန္တလေး

မြစ်ဧရာ ရစ်ခါသိုင်း
စစ်ကိုင်း အထက်က တောင်ကြီးနဲ့
လှတဲ့မန္တလေး။

ကျုံးတော်ရေ
ချိုချိုအေးနဲ့
လှတဲ့မန္တလေး။

မဟာမုနိစိန္တေ
ကိန်းဝပ်စံနေတဲ့ 
လှတဲ့မန္တလေး။

ရွှေဝါရောင်းတွေလွှမ်း
ဆွမ်းခံတန်းတွေနဲ့ 
လှတဲ့မန္တလေး။

စာသင်စာအံ
သောသောညံတဲ့ 
လှတဲ့မန္တလေး။

ချိုသာယဉ်ကျေး
စကားလေးတွေနဲ့ 
လှတဲ့မန္တလေး။

ကူညီရိုင်းပင်း
စိတ်ရင်းကောင်းတွေနဲ့ 
လှတဲ့မန္တလေး။

အနုပညာအမွေနှစ်
စာပေ ဂီတတွေချစ်တဲ့
လှတဲ့မန္တလေး။

ကျွန်တော် ကျွန်တော်ပြော
လုံမချောတို့ ပေါတဲ့ 
လှတဲ့မန္တလေး။

ခုတော့ အချင်းချင်း
အုပ်စုဖွဲ့ရိုက်တတ်တဲ့ မန္တလေး။
ဓားရေးထက်တဲ့ မန္တလေး။
သေနက်နဲ့ပစ်တဲ့ မန္တလေး။

မလိုတမာအမုန်းမထားကြပါနဲ့
တစ်မျိုးသားလုံးရဲ့
နောက်ဆုံးအမွေအနှစ်
နှလုံးသားထဲက
အမြစ်တွယ်နေတဲ့မြို့ကလေးပါ။

အကျည်းတန်အရုပ်ဆိုးသူကို
လှစေတဲ့ မန္တလေးကိုမှ
ဘာကြောင့်များ 
အကျည်းတန်စေချင်
ရုပ်ဆိုးစေချင်ကြပါလိမ့်
အမျိုးကို မချစ်လို့ အမြစ်ကိုချိုးလေသလား
ဒါမှမဟုတ်
အမျိုးမစစ်လို့ အမြစ်ကိုချိုးပြီထင် ရဲ့...။

ကိုနိုင်
31.3.2014 11:16 AM

No comments:

Post a Comment

ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်